ရွှေဆည်သား Android နည်းပညာဖြန့်ဝေခြင်း သို့ လာရောက်လည်ပတ်ကြသော ဘလော့မိတ်သဟာ နည်းပညာရှင် အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒပြည့်ဝကြပါစေကြောင်း ရွှေဆည်သား မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်

Tuesday, November 5, 2013

Huawei Y300C Root လုပ်နည်း





အရင်ဆုံး Unlock ကုတ် တောင်းထားတာ ပိုစိတ်ချရပါတယ်
ဒီမှာကုတ်တောင်းပါ







ကုတ်ရရင် ဒါလေး ကို ဒေါင်းပါ


ဒေါင်းလို့ရလာတဲ့ဖိုင်လေး ကို ဖြည်လိုက်ရင် Y300C_OneKeyTools နဲ့ Y300CRoot.zip ဖိုင် နှစ်ဖိုင်ရပါမယ်


Huawei C8813D Root လုပ်နည်း



အရင်ဆုံး Unlock ကုတ် တောင်းထားတာ ပိုစိတ်ချရပါတယ်
ဒီမှာကုတ်တောင်းပါ







ကုတ်ရရင် ဒါလေး ကို ဒေါင်းပါ


ဒေါင်းလို့ရလာတဲ့ဖိုင်လေး ကို ဖြည်လိုက်ရင် C8813D_OneKeyTools နဲ့ C8813DRoot.zip ဖိုင် နှစ်ဖိုင်ရပါမယ်

Saturday, September 21, 2013

Huawei C8813 ကို Root မယ်



အရင်ဆုံး Unlock ကုတ် တောင်းထားတာ ပိုစိတ်ချရပါတယ်
ဒီမှာကုတ်တောင်းပါ







ကုတ်ရရင် ဒါလေး ကို ဒေါင်းပါ


ဒေါင်းလို့ရလာတဲ့ဖိုင်လေး ကို ဖြည်လိုက်ရင် C8813_OneKeyTools နဲ့ C8813Root.zip ဖိုင် နှစ်ဖိုင်ရပါမယ်

Thursday, September 19, 2013

Phone IC အကြောင်းသိကောင်စရာလေးများ

I . C (ယေဘူယ ခွဲခြားနည်း)
၁ ။ POWER I.C ခွဲခြားရင် ဘေးမှာ POWER Crystal ရှိတယ် Capacitor တွေအများကြီးရှိတယ်
၂ ။ Nokia မှာ Second Powei IC ခွဲလိုလျှင် ဘေးမှာ Coil အ၀ိုင်းကြီးရှိတယ် (Betty တို့ Tahbo စသည်ဖြင့် IC ပေါ်တွင်ရေးထားသည်။)
၃ ။ CPU ခွဲလိုလျှင် လေးထောင့်ညီညီနှင့် အကြီးဆုံး IC
၎ ။ CPU ဘေးမှာ ရှည်ရှည်သွယ်သွယ် IC ကSoftware ရေးတဲ့ Flash IC
၅ ။ GSM Pa IC က အင်တာနာ Pad အနီးနားမှာ

Monday, September 9, 2013

Android အတွက် သင်ခန်းစာ 1+2+3+4




What is android?

Android ဆိုတာက မိုဘိုင်းဖုန်းတွေ အတွက် စနစ်တကျ ထုတ်လုပ်ထားတဲ့ Operation System တစ်ခုဖြစ်တယ်
Android ဟာ Window နဲ့ Linux အပေါ်မှာ အခြေပြု ရေးဆွဲထားတဲ့ System တစ်ခု ဖြစ်ပါတယ်
Android ရဲ့ Kernal based ကတော့ Linux Kernal ကို အခြေပြု ရေးဆွဲထားခြင်း ဖြစ်ပါတယ်
Linux ဟာလည်း Open Source ဖြစ်တဲ့ အပြင် သီခြားဆန်သော Platform ဖြစ်နေတဲ့အတွက် Android ဟာ
ရေရှည်အတွက် Linux Kernal ကို ရွှေးချယ်ခဲ့တာ ဖြစ်ပါတယ်
Android ဟာ ဆိုရင် Java တွေ Nokia တွေ စတင်မထွက်ခင်တည်းက  တည်ဆောက်ထားခဲ့တာပါ ဒါပေမဲ့
သူရဲ့ System တွေကို ထုတ်ဖော်မပြသခဲ့သေးပါဘူး ဘာကြောင့်လဲဆိုရင် အဲဒီတုန်းက သူရဲ့ဖန်ရှင် တွေ သိပ်
ပြီးတော့ မပြည့်စုံသေးဖူးလို့ ယူဆခဲ့လို့ပါ အဲဒီအချိန်မှာ Java တွေ Nokia တွေရဲ့ System တွေကိုလေ့လာ
ပြီးတော့ ၂၀၀၈ခုနှစ် ၉လပိုင်းလောက်မှာ Android version 1.0 ကို Google နဲ့ တစ်ခြား အဖွဲ့ဝင်တွေက အစမ်း
သပ်ကာလအနေန့ စတင်ထုတ်ဝေပြီးတော့ Android Os ကို စတင်ခဲ့ပါတယ် နောက်ပိုင်းမှာ update တွေ ကို
ဆက်လက်ထုတ်ဝေခဲ့ပါတယ် 1.1,1.5,1.6,2.0,2.1,2.2,2.2.2 အဲဒီ version တွေကို ဆက်လက်ထုတ်ဝေခဲ့ပါတယ်
Android ဟာ ဆိုရင် ၂၀၁၀ခုနှစ် လောက်မှာ ကမ္ဘာပေါ်မှာ ရောင်းအား အကောင်းဆုံး smart phone အဖြစ် Android
ရဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပါတယ် နှစ်တော်တော်ကြာ နေရာယူလာတဲ့ Nokia ကို ကျော်လွှားနိုင်ခဲ့ပါတယ်
နောက်ပိုင်းမှာ ဒီထက်ကောင်းတဲ့ ဗားရှင်းတွေကို ဆက်လက်ထုတ်ဝေလာခဲ့တာဟာ အခုအချိန်အထိပါ
version            code name
1.0                       -
1.1                       -
1.5                  Cupcake
1.6                  Donut
2.0,2.1             Eclair
2.2,2.2.2           Froyo
2.3,2.4             Gringebrerad
3.0                  Honey Comb

Sunday, September 8, 2013

Android ဖုန်းတစ်လုံးမှာ ဘာတွေပါမလဲ????? နောက်ပြီး ဘယ်လို အခေါ်အဝေါ်တွေလဲ????



ဒါလေးတွေကိုလည်း ပြောပြကြည့်ချင်တယ်ဗျာ။တစ်မျိုးနဲ့ တစ်မျိုး အတိအကျတော့ မတူနိုင်ပါဘူးနော်။အများစု ပါတာလေးတွေကို ထည့်ပြောပါမယ်နော်။
  1. Power button ပါပါမယ်။ နာမည်ကိုကြည့်တာနဲ့ ဘာလုပ်သလဲ မပြောပဲ သိမယ်လို့ ထင်ပါတယ်။  Power အဖွင့်အပိတ်လုပ်လို့ ရတာပေါ့နော်။  ၅စက္ကန့် ဒါမှမဟုတ် ၁၀ စက္ကန့် ဖိထားရင် လုံလောက်ပါပြီ။တစ်ချို့တွေက မသိတော့ တစ်ခုခု မပေါ်လာမချင်း  အားရပါးရ ဖိထားတတ်တော့ ဘာပဲပြောပြော ခလုတ် နာတာပေါ့နော်။
  2. Vol Up၊ Vol Down key ပေါ့။ ဘာလုပ်လို့ ရလဲ ဆိုတော့ အသံ အတိုး/အချဲ့ လုပ်ဖို့ပေါ့နော်။နောက်တစ်ခု သုံးလို့ ရတာကတော့ Service Mode တွေ ၀င်တဲ့အခါမှာ တွဲဖက် သုံးရပါတယ်နော်။

Android ဆိုတာ ဘာလဲ?????







ဒီခေါင်းစဉ်အောက်ရောက်ရင်တော့ Os တွေ အကြောင်းကို အကြမ်းဖျင်းတော့ ရှင်းရပါတော့မယ်။
ကျွန်တော်လည်း အကြမ်းဖျင်းလောက်ပဲ သိတာကိုး....အကြမ်းပဲ ရှင်းမှာပေါ့နော် :P ။
Computer သုံးပဲ ဖြစ်စေ၊ Mobile ဖုန်းတွေမှာပဲ ဖြစ်စေ Os ( Operating System) တွေမှာ နှစ်မျိုးနှစ်စား ရှိပါတယ်။
Closed Operating System နဲ့ Opening Operating System လို့ ခေါ်ပါတယ်။ ဟုတ်ပါပြီ။ ဘာက ဘယ်လိုလဲ။
***
Closed Os ဆိုတာက နာမည်ကြည့်တာနဲ့ သဘောပေါက်နိုင်ပါတယ်။ ပိတ်ထားတယ် ဆိုတဲ့သဘောပေါ့နော်။
ဘာပဲ လုပ်လုပ် သူ့မှာ ကန့်သတ်ချက် ရှိပါတယ်။ မ၀င်ရ ဆိုတဲ့ တားမြစ်နယ်မြေတွေ ပါပါတယ်။
ဆိုလိုရရင် စစ်တပ်လိုမျိုး အဆင့်အဆင့်တွေ ရှိတဲ့နေရာသဘော သက်ရောက်ပါတယ်။
Computer သုံး အနေနဲ့ နားလည်အောင်ပြောရရင် သူ့ရဲ့ ကျောရိုး System ပိုင်းဆိုင်ရာတွေကို
User ကို တွေ့ခွင့်၊မြင်ခွင့်တောင် မပေးပါဘူး။
တွေ့ခွင့်၊မြင်ခွင့် ရအောင် လုပ်ထားရင်တောင် ပြင်ဆင်နိုင်ခွင့် မပေးပါဘူး။
အဲဒါကို Closed System လို့ ခေါ်ဆိုပါတယ်။ (ဥပမာ-Window Os, Mac Os, iOs..စတာတွေပေါ့။)။
တစ်လက်စတည်း ကောင်းကျိုး၊ဆိုးကျိုးတွေကိုပါ နားလည်သလောက်လေးရှင်းပြခဲ့ချင်တယ်ဗျာ။
Closed System တွေမှာ အပေါ်က ဆိုခဲ့သလို အစစအရာရာ User ကို ပြင်ဆင်ခွင့် ပေးမထားပဲ
သူ့ရဲ့ ဘောင်အတွင်းမှာပဲ လုပ်ဆောင်ခွင့် ရသည့်အတွက် User Effect ကြောင့် ဖြစ်နိုင်တဲ့ ပြသနာတွေ မရှိပါဘူး။
နောက်ပြီး ၄င်းကဲ့သို့ ဘာပဲ လုပ်လုပ် သူတို့ရဲ့ ခွင့်ပြုချက် ရမှ လုပ်ဆောင်၍ ရသည့်အတွက်
မှားယွင်းလုပ်ဆောင်ချက်ဆိုတာလည်း မရှိသလောက် နည်းပါးပါတယ်။
သူ့ရဲ့ Framwork နဲ့ သွင်းလို့ ရမယ့် Application တွေ အားလုံးဟာ လုံးဝကို Stable ဖြစ်ပါတယ်။
အဲလို ဖြစ်အောင်လည်း လုပ်ထားလို့ Closed လို့ ခေါ်တာပေါ့နော်။
ဆိုရရင် Security ပိုင်းဆိုင်ရာမှာ အလွန်ကို တောင့်တင်းခိုင်မာပါတယ်။
ဆိုးကျိုးကတော့(အဲ....ဆိုးကျိုးလို့ သုံးနှုန်းရတာ အရမ်းတော့ မကောင်းမြင်ရာကျပါတယ်။
ဒါပေသိ အဆင်မပြေမှုလို့ပဲ ရည်ရွယ်ပါတယ်နော်။)

Friday, September 6, 2013

ANDROID SCERT CODES

Android OS သုံးထားတဲ့ Phone ရဲ့ Information၊ Battery Information၊ Battery History၊ Usage Stat တွေကို ခေါ်ကြည့်ချင်ရင် *#*#4636#*#* ဆိုတာနှိပ်လိုက်ရင်ပေါ်လာပါလိမ့်မယ်။

ဖုန်းကို Reset လုပ်ချင်ရင် *#*#7780#*#* ဖြင့် ခေါ်ပြီး Reset လုပ်လိုက်ရင် Google account settings stored in your phone, System and application data and settings, and Downloaded applications တွေကို ပိတ်သွားပါလိမ့်မယ်။ ဒါပေမဲ့ Current system software and bundled applications, SD card files e.g. photos, music files, etc. တွေကိုတော့ ချန်ထားခဲ့ပါတယ်။

*#*#273283*255*663282*#*#* လေးက Back Up လုပ်ရင် အသုံးဝင်မယ်ထင်မိပါတယ်။ File Copy Screen လေးကိုဖွင့်ပေးတာပါ။

*#*#197328640#*#* ကိုခေါ်ပြီး Service Mode ထဲဝင်လို့ရပါတယ်။ အဲမှာ GPS Test, WLan Test တွေကိုလုပ်လို့ရပါတယ်။